
Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့
Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့
ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့
အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကို
ကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။
နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲက
လုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာ
သဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာ
ပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာ
ဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။
ဒီကားမှာ Jet Li အပြင် မမZhou Xun နဲ့ Chen Kun တို့ကအားဖြည့်ပါဝ
င်ထားပါတယ်။