What's happening?

Mysterious Lotus Casebook (2023)

Mysterious Lotus Casebook (2023)

Your rating: 0
0 0 votes

Synopsis

ကြာပန်းအိမ်ငယ်ရဲ့ရွက်လွှင့်ခြင်းMysterious Lotus Casebook (2023) 莲花楼ဒီတစ်ခါတော့ ချန်ရိရဲ့ သိုင်းကားကောင်းကောင်းလေး လာပါပြီဇာတ်လမ်းအညွှန်းသိုင်းလောကထဲမှာ ပေါ်လာတာ မကြာသေးတဲ့ လီလျန်ဟွား(Cheng Yi)ဟာ သေလူကို ပြန်ရှင်အောင်လုပ်ပေးနိုင်တဲ့ နတ်ဆေးဆရာဆိုပြီး နာမည်ကြီးနေပေမဲ့ လီလျန်ဟွားဆိုတာ ဘယ်မှာနေတာလဲ ဘယ်လိုပုံစံရှိလဲဆိုတာတောင် ဘယ်သူမှမသိကြပါဘူး အဲဒီတော့ လီလျန်ဟွားဆိုတာ ဘယ်သူလဲ ဘယ်ကလဲ?တကယ်တော့ လီလျန်ဟွားဟာ စစ်ကုဂိုဏ်းခေါင်းဆောင် လီရှန်းယိဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က သူ့ရဲ့ ရှန်းယိဓားသိုင်းနဲ့ နာမည်ကြီးသလို သိုင်းလောကမှာ ပြိုင်ဘက်ကင်းဘွဲ့ရထားတာပါ။ဒါပေမဲ့ ပြိုင်ဘက်ဖြစ်တဲ့ ကျင်းယွမ်းဂိုဏ်းခေါင်းဆောင် တီဖေးရှန်းနဲ့ သိုင်းပြိုင်ဖို့စီစဥ်နေချိန်မှာ သစ္စာဖောက်လက်အောက်ငယ်သားတစ်ယောက်ရဲ့ အဆိပ်ခတ်တာကို ခံခဲ့ရပြီး သိုင်းလောကထဲကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ဆယ်နှစ်ကြာတဲ့အခါမှာ သူ့ရဲ့ ကြာပန်းအိမ်ကိုဆွဲကာ လောကအနှံ့လျှောက်သွားနေတဲ့ လီလျန်ဟွားတစ်ယောက် အမှတ်မထင်ဘဲ နတ်ဆေးဆရာဆိုတဲ့ နာမည်ရရှိခဲ့တာကြောင့် သူပြန်မလာချင်တော့တဲ့ သိုင်းလောကထဲကို တစ်ခေါက်ပြန်ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ လီလျန်ဟွားကို အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်သလို သူအဆိပ်မိတဲ့အချိန်တောက်လျှောက်ရှိနေပေးခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း ဖန်းသောပင့်(Zeng ShunXi)ရယ် လီလျန်ဟွားကို သူပဲ သတ်မှာဆိုပြီး ပါးစပ်က တွင်တွင်ပြောနေပေမဲ့ တကယ်မသတ်ဘဲ လီလျန်ဟွားအဆိပ်ခပ်ခံရတဲ့အချိန်မှာ ကယ်ပေးခဲ့တဲ့ တီဖေးရှန်းရယ် သူတို့ ၃ ယောက်ပေါင်းပြီး သိုင်းလောကထဲမှာပေါ်လာတဲ့ ထူးဆန်းတဲ့အမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဒီဇာတ်လမ်းတွဲမှာ စောင့်ကြည့်ကြပါဦး ဒီကားက မင်းသားအဓိကဇာတ်ဖြစ်ပေမဲ့ မင်းသမီးလည်းပါပါတယ်။Till The End Of The Moon (မဟူရာညရဲ့ လမင်းစန္ဒာ) ထဲက ယဲ့ပင်းချန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Chen Duling က လီလျန်ဟွား(ChengYi)ရဲ့ ချစ်သူဟောင်း ချောင်ဝမ်မြန်နေရာက သရုပ်ဆောင်ထားသလို The Last Princess (ခရောင်းလမ်းမှ ချစ်မေတ္တာဇာတ်ကား)ထဲမှာ ကျင်းယွိရုံအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်သမီး Wang He Run က လီလျန်ဟွားဆီကနေ သိုင်းလောကကြီးကို လုပြီး တီဖေးရှန်းလက်ထဲ ထည့်ပေးချင်နေသလို တစ်ဖက်မှာလည်း သူသာ ဧကရီတစ်ပါးဖြစ်ခဲ့ရင် ရုပ်ရည်ချောမောတဲ့ လီလျန်ဟွားကို ကြင်ယာမြှောက်မှာဆိုတဲ့ ကျောင်းလိချောင် ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်

 

Director

Director

Cast

Similar titles

immortal demon slayer(2017)
The Karate Kid (2010)
Romeo S3 (2025)
The New Dragon Gate Inn / Gragon Inn (1992)
JUL-227
Reign of assassins (2010)
Song of the Assassins ( 2022 )
Unfaithful
Kingdom (2020) Season (1+2)
Legends of the Condor Heroes: The Gallants (2025)
Flying Swords Of Dragon Gate (2011)
Detective Chinatown 1900 (2025)

Leave a comment

Name *
Add a display name
Email *
Your email address will not be published